{ 1 } လေပြေမြောက်ပြန် လဟေမာန်မှာ
မြတ်ပြာသိုမင်း ခွါညိုသင်းလဲ
ငွေနှင်းနဲ့တူ ရောက်လာတတ်တဲ့
ရမ်းကားတစ်သိုက်မိစ္ဆာမိုက်ကြောင့်
ဖါးစည်သံဝေ ဒို့ဒေါနမြေ
သဇင်ရနံ့ပျက် ယမ်းနံ့သက်ခဲ့။
{ 2 } ရွှေရောင်ဝါ၀င်း ဒို့တောင်ယာခင်း
သတ်ကွင်းအသွင် ဗုံးကွင်းတွင်ဖြစ်
အမြောက်သံတွေနဲ့ မီးလျှံတွေပွက်
နားဝင်ချိုအေး ချိုးကူတေးပြေး
ပိုင်ရှင်တွေမဲ့ ရိပ်သူကင်းလျှက်။
{ 3 } စိမ့်စမ်းချောင်းဘေး ငြိမ်းချမ်းအေးတဲ့
ဘိုးဘွားချက်ကြွေ ဒို့နက်သန်မြေ
ဒုံးသံမြူးကြွ ဒို့တောရွာအလှ
လူသူအနေမဲ့ ပျာပုံအတိနဲ့
ဖုန်းဆိုးဖြစ်လျှက် ရွာခြေပျက်။
{ 4 } ငွေနှင်းမှုံလူး သဇင်ဖူးငုံတို့
တော်ဝင်ပန်းဂုဏ်လှမျိုးစုံလဲ
ဖက်ဆစ်ဝင်စား မုဒိမ်းသားကြောင့်
“ဒင်း” ယုတ်ရိုင်းစက် ၀တ်မှုံပျက်လျှက်
စစ်ဖိနပ်ခွါအောက်သက်ကြွေပျောက်။
{ 5 } ကျူးကျော်သူတို့ သရုပ်မှန်
စာနာမဲ့ ရိုင်းတဲ့အဘိဓါန်
ရွှေချိုးဖြူလေးတွေလဲလှန့်ပျံ
ဥပက္ခာခံ နေခြည်ကိုးသွယ်အလံ
အမှန်တရားနဲ့ လွတ်လပ်မှုအတွက်
ခေတ်အဆက်ဆက် သစ်လွင်တောက်ပခဲ့။
ဒုံးသံမြူးကြွ ဒို့တောရွာအလှ
လူသူအနေမဲ့ ပျာပုံအတိနဲ့
ဖုန်းဆိုးဖြစ်လျှက် ရွာခြေပျက်။
{ 4 } ငွေနှင်းမှုံလူး သဇင်ဖူးငုံတို့
တော်ဝင်ပန်းဂုဏ်လှမျိုးစုံလဲ
ဖက်ဆစ်ဝင်စား မုဒိမ်းသားကြောင့်
“ဒင်း” ယုတ်ရိုင်းစက် ၀တ်မှုံပျက်လျှက်
စစ်ဖိနပ်ခွါအောက်သက်ကြွေပျောက်။
{ 5 } ကျူးကျော်သူတို့ သရုပ်မှန်
စာနာမဲ့ ရိုင်းတဲ့အဘိဓါန်
ရွှေချိုးဖြူလေးတွေလဲလှန့်ပျံ
ဥပက္ခာခံ နေခြည်ကိုးသွယ်အလံ
အမှန်တရားနဲ့ လွတ်လပ်မှုအတွက်
ခေတ်အဆက်ဆက် သစ်လွင်တောက်ပခဲ့။
{ 6 } မဟာရူးသွပ် အာဏာမွတ်တဲ့
အတ္တတစ္ဆေ “လူ့ငတေ”တို့ရေ
သားအပြန်ကိုမျှော်ရှာတဲ့အမေတွေနဲ့
ဖအေမဲ့ ရင်သွေးငယ်တွေအတွက်
ရှေ့တန်းထွက် ချစ်လင်မောင်ပြန်အလာ
မျှော်ရှာတဲ့ သိုက်မြုံပျက် ဇနီးသည်တွေအတွက်
ဘ၀ဆည်းလည်းသံတွေဆိတ်သုဉ်းခဲ့ရ။
{ 7 }အမြောက်ဆံမှန် ထီးတော်လှန် “ မြေခ ”
ယမ်းညှော်နံ့တွေမပြယ်သေးတဲ့
ပုထိုးပျက် ရင်ပြင်ထက်က
အမေအိုနဲ့မုဆိုးမ တွေရဲ့ ဆုတောင်းသံတွေထဲမှာ
“ဒင်း”တို့နှစ်ထောင့်တစ်ဆယ်ရဲ့ 
ရွေးကောက်ပွဲအတုအယောင်ကို
ခန္တီစိတ်မွေး ကမ္ဘာကျေအေး
မေတ္တာပို့ပေးနိုင်မယ်တဲ့လား။ ...?
စအိုင်ခန့် (နှင်းခဲမြေ)
အတ္တတစ္ဆေ “လူ့ငတေ”တို့ရေ
သားအပြန်ကိုမျှော်ရှာတဲ့အမေတွေနဲ့
ဖအေမဲ့ ရင်သွေးငယ်တွေအတွက်
ရှေ့တန်းထွက် ချစ်လင်မောင်ပြန်အလာ
မျှော်ရှာတဲ့ သိုက်မြုံပျက် ဇနီးသည်တွေအတွက်
ဘ၀ဆည်းလည်းသံတွေဆိတ်သုဉ်းခဲ့ရ။
{ 7 }အမြောက်ဆံမှန် ထီးတော်လှန် “ မြေခ ”
ယမ်းညှော်နံ့တွေမပြယ်သေးတဲ့
ပုထိုးပျက် ရင်ပြင်ထက်က
အမေအိုနဲ့မုဆိုးမ တွေရဲ့ ဆုတောင်းသံတွေထဲမှာ
“ဒင်း”တို့နှစ်ထောင့်တစ်ဆယ်ရဲ့ 
ရွေးကောက်ပွဲအတုအယောင်ကို
ခန္တီစိတ်မွေး ကမ္ဘာကျေအေး
မေတ္တာပို့ပေးနိုင်မယ်တဲ့လား။ ...?
စအိုင်ခန့် (နှင်းခဲမြေ)
Aug 3/2008
No comments:
Post a Comment