စစ်ပွဲဆိုတာကမ္ဘာပေါ်မှာမရှိသင့်ဆုံးအရာ
စစ်ပွဲမရှိခဲ့တဲ့ ငြိမ်းချမ်းရေးအရပ် မရှိသလို
စစ် ဆိုတာ ဖက်ဆစ်တစ်ဝက်တဲ့
စစ်ရဲ့ မဲနက်သောတောင်ပံမှာ
ရက်စက်မှုတွေရှိကောင်းရှိမယ်
အဲဒီတောင်ပံရဲ့ အားမာန်တွေမှာ
ငြိမ်းချမ်းရေးရဲ့ အမြုတေ တွေရှိတယ်။
ဖိနှိုပ်သူနဲ့ အဖိနှိုပ်ခံရသူ
ကျူးကျော်သူစစ်ပွဲနဲ့ ခုခံသူစစ်ပွဲ
တရားသောစစ်နဲ့ မတရားသောစစ်
သင်ဘယ်ဘက်က ရပ်တည်ဖြစ်မလဲ။
သူတို့စွတ်စွဲတဲ့သူပုန်ဆိုတဲ့ဝေါဟာရ
ငါတို့အတွက် မြတ်တဲ့နာမ
မတရားတာကို ပြန်ခံချတဲ့အဓိပ္ပါယ်တဲ့။
တိုက်ပွဲတစ်ပွဲရဲ့ မြင်ကွင်းကို
ထိုတိုက်ပွဲရဲ့ရည်ရွယ်ချက်နဲ့
တိုင်းတာမနှိုင်းယှဉ်သင့်
တော်လှန်ရေးသမားဆိုတာ
လူထုတွေရဲ့နောက်မြီးဆွဲမဟုတ်
လူထုကိုဦးဆောင်တဲ့သူ။
တွေဝေစရာမလို နားယောင်စရာမလို
လုပ်စရာရှိတာလုပ်ရမယ်။
စစ်ပွဲတွေကြောင့်ကမ္ဘာမြေ ပျက်ရင်ပျက်မယ်
ကရင်တွေရှိနေသေးရင်တော့
ဘဦးကြီးရဲ့မူ လေးချက်ကတော့
ဒို့ကရင်တွေအတွက်ထာဝရ ရှိနေရဦးမယ်။
စအိုင်ခန့် (နှင်းခဲမြေ)
Friday, February 11, 2011
မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်လူမျိုးတို့ရဲ့ ဗီဇသတ္တိကို
စစ်ပွဲမရှိခဲ့တဲ့ ငြိမ်းချမ်းရေးအရပ် မရှိသလို
စစ် ဆိုတာ ဖက်ဆစ်တစ်ဝက်တဲ့
စစ်ရဲ့ မဲနက်သောတောင်ပံမှာ
ရက်စက်မှုတွေရှိကောင်းရှိမယ်
အဲဒီတောင်ပံရဲ့ အားမာန်တွေမှာ
ငြိမ်းချမ်းရေးရဲ့ အမြုတေ တွေရှိတယ်။
ဖိနှိုပ်သူနဲ့ အဖိနှိုပ်ခံရသူ
ကျူးကျော်သူစစ်ပွဲနဲ့ ခုခံသူစစ်ပွဲ
တရားသောစစ်နဲ့ မတရားသောစစ်
သင်ဘယ်ဘက်က ရပ်တည်ဖြစ်မလဲ။
သူတို့စွတ်စွဲတဲ့သူပုန်ဆိုတဲ့ဝေါဟာရ
ငါတို့အတွက် မြတ်တဲ့နာမ
မတရားတာကို ပြန်ခံချတဲ့အဓိပ္ပါယ်တဲ့။
တိုက်ပွဲတစ်ပွဲရဲ့ မြင်ကွင်းကို
ထိုတိုက်ပွဲရဲ့ရည်ရွယ်ချက်နဲ့
တိုင်းတာမနှိုင်းယှဉ်သင့်
တော်လှန်ရေးသမားဆိုတာ
လူထုတွေရဲ့နောက်မြီးဆွဲမဟုတ်
လူထုကိုဦးဆောင်တဲ့သူ။
တွေဝေစရာမလို နားယောင်စရာမလို
လုပ်စရာရှိတာလုပ်ရမယ်။
စစ်ပွဲတွေကြောင့်ကမ္ဘာမြေ ပျက်ရင်ပျက်မယ်
ကရင်တွေရှိနေသေးရင်တော့
ဘဦးကြီးရဲ့မူ လေးချက်ကတော့
ဒို့ကရင်တွေအတွက်ထာဝရ ရှိနေရဦးမယ်။
စအိုင်ခန့် (နှင်းခဲမြေ)
Friday, February 11, 2011
မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်လူမျိုးတို့ရဲ့ ဗီဇသတ္တိကို
အရောင်ပြန်တင်နိုင်ခဲ့တဲ့ ဗိုလ်မှူးချုပ် စောလားပွယ်နှင့်တကွ
ကရင်ရဲဘော်အပေါင်းအား ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါတယ်။
ကရင်ရဲဘော်အပေါင်းအား ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါတယ်။