February 1, 2013

သင်ဘာဆက်လုပ်မလဲ?
       
   
 ကရင်ဆိုတာ - - - - - - -
ကမ္ဘာတစ်ခွင်မှာထင်းရှားတဲ့အမှတ်သညှာမရှိပေမဲ့
 ကမ္ဘာ့ရာဇ၀င်မှာ- - - - - -
စံတင်လောက်တဲ့မှတ်တမ်းတွေရှိခဲ့တယ်
မြန်မာမှာထင်ရှားတဲ့ခေါင်းဆောင်တွေရှိခဲ့ညားလည်း
ရိုးသားလို့မတိုးပွါးတာလား
မကြိုးစားလို့အောင်ပွဲမဆင်နိုင်တာလား
အမြင်မကျယ်လို့အယုံလွယ်တာလား
ဒါပေမဲ့..... ဒါပေမဲ့.......ဒါပေမယ့်.....

ရက်စက်သူမဟာဝါဒီတွေနဲ့
ကောက်ကျစ်သူ မဟာဝါဒတွေကြောင့်
ဝမ်းလျားမှောက်ပြီး အငတ်ရောက်နေသူတွေလဲရှိသလို
လွတ်လပ်မှုအတွက်ရှာဖွေရင်းထောင်နန်းစံသူတွေလည်းရှိခဲ့။
ငြိမ်းချမ်းခြင်းကိုမြတ်နိုးရဲ့နဲ့ စစ်တိုက်နေရသူတွေလဲရှိသလို
အမှန်တရားကိုဆုတ်ကိုင်ထားပါရဲ့နဲ့
ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေလဲမရေတွက်နိုင်ခဲ့
အိမ်ယာပျောက်ပြီး ခိုကိုးရာမဲ့နေသူတွေလဲရှိသလို
အိမ်ကောင်းဆောက်ပြီး အိတ်ဖေါင်းတဲ့ကရင်တွေလဲရှိပါရဲ့။
ဒါပေမဲ့.... ဒါပေမဲ့....ဒါပေမယ့်....

မဟာဗမာအာဏာရှင်အောက်
ကျွန်သားပေါက်မဖြစ်ဘို့အရေး
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာလား
အိုးမဲသုတ်ပြီးပေးခွပ်တာလား
ဒါတွေဟာစစ်ရေးမှာ တွေငေးရမယ့်အရာမဟုတ်။

အမျိုးမတူရင် ရန်သူဆိုတဲ့ခေတ်မဟုတ်တော့သလို
အမျိုးတူလဲ မူမတူရင် ရန်သူဘဲဆိုတာမေ့မထားသင့်
ဆွမ်းဆန်ထဲကကြွက်ချေးတွေအတွက် ငဲ့ရမယ့်အချိန်မဟုတ်။
တွေဝေမနေနဲ့ ငေးမောမနေနဲ့
မဟာဝါဒီတွေကသင့်အတွက်ရွေးချယ်မှုပေးပြီးသားပဲ
မမှတ်မိရင်ထပ်ပြောပေးမယ်
ကရင်ပြည်ကိုလိုချင်ရင် တိုက်ယူတဲ့
ကဲ ...သင်ဘာဆက်လုပ်မလဲ?

                        စ ,အိုင်ခန့်(နှင်းခဲမြေ)  11/11/11

No comments:

Post a Comment